နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနား


နေပြည်တော်၊ ၂၀၂၄ ဇွန်လ ၁၃ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၁၃-၆-၂၀၂၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ဦးအောင်ပိုင် (ညွှန်ကြားရေးမှူး)နှင့် ဒေါ်မေသဇင်ဖြိုး (ဦးစီးအရာရှိ)တို့က “စီရင်ချက်များကို လိုက်နာ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်ပြဿနာများ : ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး (ယူကရိန်းအတွေ့အကြုံ)အကြောင်း လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကို ဖတ်ကြားရှင်းလင်း တင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူ ခုံရုံး အဖွဲ့ဝင် ဒေါက်တာမာလာအောင်က သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။