နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ ၂၆ ရက်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၆-၁၂-၂၀၂၄ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒေါက်တာခင်သန္တာစိုး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဒေါ်ငြိမ်းမြသီတာ၊ ဦးစီးအရာရှိတို့က “လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်း၊ ပြန်လည် ဖြေကြားဆွေးနွေးခြင်းနှင့် စာတမ်းကြီးကြပ်သူ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း/အမှုထမ်းများနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ သုတေသနအရာရှိများ တက်ရောက်ခဲ့ပါသည်။