နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ပွဲနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၄ မတ်လ ၂၁ ရက်

   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ (၆) ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက် ကြသည်။

   သုတေသနစာတမ်းဖတ်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစုဝါထွေးက “တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

    ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအားရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား၌ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းခြင်း ဆိုသည်မှာ နိုင်ငံသားတစ်ယောက်၏တာဝန်ကို ကျေပွန်စေရန်အတွက်ပြဋ္ဌာန်းသည့် ဥပဒေပင် ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ နိုင်ငံသားတစ်ယောက်သည် မိမိနိုင်ငံကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအများစုတွင် နိုင်ငံတော် ကာကွယ်ရေးသည် နိုင်ငံသားများတွင်တာဝန်ရှိသည်ဆိုသော ပြဋ္ဌာန်းချက်ကို ထည့်သွင်းပြဋ္ဌာန်း ကြကြောင်း၊ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း အလားတူပြဋ္ဌာန်းချက် ရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ် အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသား တိုင်း၏တာဝန်ဖြစ်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှု ထမ်းရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံတွင် သာမက ကမ္ဘာပေါ်တွင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းထားသည့် နိုင်ငံပေါင်း ၈၆ နိုင်ငံရှိပြီး ၎င်းတို့အနက် အမျိုးသား၊ အမျိုးသမီး စစ်မှုထမ်းရန် ပြဋ္ဌာန်းထားသည့်နိုင်ငံများမှာ ၁၈ နိုင်ငံရှိကြောင်း၊ နိုင်ငံသား တိုင်းသည် မိမိနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကိုကာကွယ်စောင့်ရှောက်ရန်အတွက် စစ်မှုထမ်းရန်လိုအပ်ကြောင်း ပြောကြားသည်။

    ထို့နောက် ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသည့် နောက်ခံအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ အခန်းအလိုက်ဥပဒေပုဒ်မများ၊ ဆောင်ရွက်မှု အဆင့်ဆင့်နှင့် အခြားနိုင်ငံများတွင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်မှု တို့ကို ရှင်းလင်းဆွေးနွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin