နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၂ ၊ ဧပြီ ၂၄
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး မိသားစုများ၏ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူခြင်းအခမ်းအနားအား ၂၄.၄.၂၀၂၂ ရက်နေ့ ညနေပိုင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၊ ရုံးပရဝုဏ်အတွင်း၌ကျင်းပရာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး လေးကျွန်းမဏ္ဍိုင်ကျောင်းတိုက်ဆရာတော် အမှူးပြုသော သံဃာတော်(၅)ပါးထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆရာတော်သံဃာတော်များ အား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ နှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။