နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် EU တို့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များဆွေးနွေး

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ မေလ ၅
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်အား မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia သည် (၅.၅.၂၀၁၆)ရက်နေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စရပ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် အထောက်အကူဖြစ်စေမည့် သင်တန်းများနှင့် အကူအညီပေးရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ခုံရုံးအဖွဲ့ဝင်များ ဖြစ်ကြသော ဦးညီညီ၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့မှူးတို့ တက်ရောက်ကြသည်။