နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့်IDEA တို့ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ မေလ ၂၄
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်အား International IDEA Myanmar အကြီးအကဲ Mr. Jorge Valladares Malleda သည် ၂၄.၅.၂၀၁၆ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန် များ၊ IDEA Myanmar မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက်မှုများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် အထောက်အကူဖြစ်စေမည့်ကိစ္စရပ်များ၊ ရုံးဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေးနှင့် သုတေသနဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့မှူးတို့ တက်ရောက်ကြသည်။