နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ Myanmar Democracy Fellowship (MDF) မှ သင်တန်းသားများ လာရောက်လေ့လာ

နေပြည်တော်၊ ၂၀၁၇ခုနှစ်၊ မတ်လ ၈

   Myanmar Democracy Fellowship (MDF) မှ သင်တန်းသားများပါဝင်သော လေ့လာရေး အဖွဲ့သည် ၈.၃.၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ လာရောက်လေ့လာခဲ့သည်။ အဆိုပါ လေ့လာရေးအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြား ရေ:မှူးချုပ်၊ ညွှန်ကြားရေးမှူးများက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးခန်း အမှတ်(၂)တွင် လက်ခံတွေ့ဆုံသည်။ ထိုသို့ လက်ခံတွေ့ဆုံရာတွင် ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး(တရားရေး)တို့က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်း တာဝန်များ၊ ဆောင်ရွက်ချက်များနှင့်ခုံရုံးသို့တင်သွင်းလွှာ တင်သွင်းပုံအဆင့်ဆင့်တို့နှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် လေ့လာရေးအဖွဲ့ သင်တန်းသားများက သိရှိလိုသည် များကို မေးမြန်းကြရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin