နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလာသော တင်သွင်းလွှာအမှတ်(၁/၂၀၁၄)အား ရုံးထိုင်ကြားနာမည့်နေ့ရက်အား ကြေညာခြင်း

နေပြည်တော် ၂၀၁၄ ဇူလိုင်လ ၃
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူပါ (၅၀)ဦးက ဥက္ကဌ ပြည်သူ့လွှတ်တော်ထံမှတစ်ဆင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ တင်သွင်းလာသော "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ကချင်တိုင်းရင်းသား အစုအဖွဲ့တွင် ပါဝင်သော လီဆူးနှင့် ရဝမ်ကိုလည်းကောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် ကချင်တိုင်းရင်းသားအစုအဖွဲ့တွင် ပါဝင်သော လီဆူးကိုလည်းကောင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးအပ်ထားမှုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးမှ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားချမှတ်ပေးပါရန်" တင်သွင်းလာသော တင်သွင်းလွှာအမှတ် ၁/၂၀၁၄ နှင့်စပ်လျဉ်းပြီး ကနဦး ဆုံးဖြတ်ရမည့် ကောက်ချက်များသတ်မှတ်ရန် ကြားနာမည့်ရုံးချိန်းအား ၃.၇.၂၀၁၄ ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးခန်းအမှတ်(၁)၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌအပါအဝင် အဖွဲ့ဝင်အားလုံးမှ ရုံးထိုင်ကြားနာမည်ဖြစ်ကြောင်း ကြိုတင်သတိပေး အမှုစာရင်း ထုတ်ပြန်ထားပြီးဖြစ်သည်။