နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC)၏ (၅)ကြိမ်မြောက် ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ တက်ရောက်ခြင်း

နေပြည်တော် ၂၀၂၂ ဩဂုတ် ၁၉

   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌဦးသာဌေးနှင့် ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း တို့သည် ဩဂုတ်လ ၁၈ ရက်နေ့ မှ ၁၉ ရက်နေ့အထိ ကျင်းပသည့် အာရှနိုင်ငံ များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ (၅)ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်သည်။

   အဆိုပါ (၅)ကြိမ်မြောက်ညီလာခံတွင် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန် ထမ်းဆောင်လျက်ရှိသော မွန်ဂိုလီးယားနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက “Recent Development of Constitutional Justice in Asia” ခေါင်းစဉ်ဖြင့် ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

   ညီလာခံသို့ AACC အဖွဲ့ဝင်နိုင်ငံ (၁၇) နိုင်ငံတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး/ ကောင်စီ/ ခုံရုံးများ၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ တက်ရောက်ကြသည်။ ညီလာခံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက “The Constitutional Review in Challenging Times” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားပြီး AACC အဖွဲ့ဝင်နိုင်ငံ များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဥပဒေပညာရှင်များက စာတမ်းများ ဖတ်ကြား၍ အသိအမြင်အတွေ့အကြုံဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။

   ထို့အတူ ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးကို ၁၉-၈-၂၀၂၂ ရက်နေ့တွင် ဆက်လက် ကျင်းပပြုလုပ်ရာ AACC အဖွဲ့ဝင်နိုင်ငံပေါင်း (၂၀) မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး/ ကောင်စီ/ ခုံရုံးတို့၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ ဖိတ်ကြားထားသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဥပဒေပညာရှင်များ တက်ရောက်ကြကြောင်း သိရသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin