နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့ အာရှဒေသဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် (AACC) ၏ (၆)ကြိမ်မြောက် ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၁၇
ထိုင်းဘုရင့်နိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ H.E. Mr.Nakharin Mektrairat ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်နိုင်ငံ၊ ဘန်ကောက်မြို့တွင် “The Constitutional Courts and Equivalent Institutions in Strengthening Constitutional Justice for Sustainable Society” ခေါင်းစဉ်ဖြင့် ကျင်းပမည့် အာရှဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions- AACC) ၏ (၆) ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် 17-9-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းဘုရင့်နိုင်ငံ၊ ဘန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ (၆) ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင် ၃ ဦးတို့ လိုက်ပါသွားကြောင်းသတင်းရရှိ သည်။