ပြင်သစ်နိုင်ငံ Aix-Marseille တက္ကသိုလ်မှ ပါမောက္ခ Dr. Xavier Philippe ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၆ခုနှစ်၊ ဇွန် ၁၄
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးညီညီအား ပြင်သစ်နိုင်ငံ Aix-Marseille တက္ကသိုလ် Louis Favoreu Institute မှ ဌာနမှူး ပါမောက္ခ Dr. Xavier Philippe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၁၄.၆.၂၀၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အခန်းကဏ္ဍများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ခုံရုံးအဖွဲ့ဝင်များဖြစ်သော ဦးခင်မောင်ချို၊ ဦးတွာကျင်လ်ပေါင်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးတို့ တက်ရောက်ကြသည်။