နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို နှိုင်းယှဉ်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များကို တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၂၈ရက်

  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် International IDEA တို့ ပူးပေါင်း၍ “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို နှိုင်းယှဉ်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များကို တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို VIDEO Conferencing ဖြင့် ယနေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

  ရှေးဉီးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်က ယခု ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့်စပ်လျဉ်း၍ အခြား နိုင်ငံများ၏ ကျင့်သုံးပုံများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များအား တရားစီရင် ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများကို ဗဟုသုတရရှိလိမ့် မည်ဟု မျှော်လင့်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် မိမိတို့ ခုံရုံး၏ လုပ်ငန်းတာဝန်များအနက်တစ်ခုဖြစ်သည့်အပြင် အဓိကအရေးပါသော ကဏ္ဍတစ်ခုလည်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များအား တရားစီရင်ရေးရှုထောင့်မှ ပြန်လည် သုံးသပ်ပုံများကို တောင်အာဖရိကနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ အတွေ့အကြုံများနှင့် အတူ သိရှိလေ့လာခွင့် ရရှိမည်ဖြစ်သဖြင့် အသိပညာ၊ ဗဟုသုတများရရှိမည်ဟု ယုံကြည်ပါ ကြောင်း၊ International IDEA Myanmar နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တို့သည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ပြီး IDEA အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရာ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်မှုများ တိုးပွားလာစေရန် ပံ့ပိုးကူညီမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများအတွက် ခုံရုံးအနေဖြင့် အလွန်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း ပြောကြားပါ သည်။

  ထို့နောက် International IDEA မှ ဌာနေကိုယ်စားလှယ် Mr. Mark McDowell က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

  ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ရာ Center for Constitutional Transition မှ ဒါရိုက်တာ Mr. Sujit Choudhry က Video Conferencing မှတစ်ဆင့် ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြသည်။

  အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် ခုံရုံးသုတေသနအဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၃၀ ရက်နေ့အထိ ၃ ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

  အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် အတွေ့အကြုံနှင့် အသိပညာများ တိုးပွားလာစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း နည်းလမ်းများနှင့်စပ်လျဉ်း၍ အခြား နိုင်ငံများ၏ ကျင့်သုံးပုံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များကို တရားစီရင်ရေး နည်းလမ်းဖြင့် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အသိအမြင်၊ ဗဟုသုတများ ရရှိလာစေရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin