ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအကြောင်း သိကောင်းစရာ

" ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအကြောင်း သိကောင်းစရာ " ဆောင်းပါးသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ သုတေသနအဖွဲ့က ရေးသားပြုစုထားသော ဆောင်းပါးဖြစ်သည်။ အဆိုပါ ဆောင်းပါးသည် ခုံရုံးက ၂၀၁၄ ခုနှစ်၊ မတ်လတွင် ထုတ်ဝေထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ဂျာနယ်တွင် ပါဝင်သော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ ဖတ်ရှုလေ့လာသူများ အနေဖြင့်မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအကြောင်းကို ကောင်းစွာ သိမြင်လာကြမည် ဖြစ်ပါသည်။ ခုံရုံး၏ လုပ်ငန်းတာဝန်များ၊ ယခင် ခေတ်အဆက်ဆက် ယခု ခုံရုံး၏ လုပ်ငန်းစဉ်များကို မည်သည့် အဖွဲ့အစည်းက ဆောင်ရွက်ခဲ့သည်များ စသည့် စသည့် အချက်အလက်များကို သုတေသနပြု ရေးသားထားပါသည်။