ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများ၏ လုပ်ငန်းတာဝန်နှင့် ၎င်းတို့၏ အခန်းကဏ္ဍများအား နှိုင်းယှဉ်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
နေပြည်တော်၊၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၅
Australia-Myanmar Constitutional Democracy Project အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် Konrad Adenauer Stiftung (KAS) တို့ ပူးပေါင်း၍ “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ၏ လုပ်ငန်းတာဝန်နှင့် ၎င်းတို့၏ အခန်းကဏ္ဍများအား နှိုင်းယှဉ်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ” (Workshop on the Role and Function of Constitutional Courts in Comparative Perspective) ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် က အဖွင့်အမှာစကား ပြောကြားပြီး သြစတြေးလျနိုင်ငံ University of New South Wales (UNSW) မှ Professor Theunis Roux ၊ Konrad Adenauer Stiftung (KAS) မှ Director Ms Gisela Elsner နှင့် Dr. Norbert Eschborn တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ ဆက်လက်၍ အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ Professor Theunis Roux က The Role of the Constitutional Tribunal ခေါင်းစဉ်နှင့် Constitutional Interpretation ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်၊ ဦးကျော်ဆန်းက Jurisdiction of the Constitutional Tribunal ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Professor Melissa Crouch က Public Profile of the Constitutional Tribunal ခေါင်းစဉ်နှင့် Procedure and Access to the Tribunal ခေါင်းစဉ်တို့ ဖြင့်လည်းကောင်း၊ Professor Dr. Rainer Grote က Remedies in Constitutional Law ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေး ကြပြီး တက်ရောက်လာသူများက သိလိုသည်များ မေးမြန်း ဆွေးနွေးဖြေကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ ဆွေးနွေးသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။