နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ၂၀၁၇ခုနှစ်၊ မတ်လ ၁၂

   ၂၀၁၇ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ၁၂.၃.၂၀၁၇ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပြီး ဆွမ်းဆန်စိမ်း နှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူခဲ့သည်။

   အခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက အဂ္ဂမဟာ သဒ္ဓမ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဒွန်းကျေးရွာ ကော့ဒွန်း ကျောင်းသစ်ဆရာတော် ဘဒ္ဒန္တသုမန၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် သုံးခွကျေးရွာ ဖလန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညောဘာသ၊ မန္တလေး တိုင်းဒေသကြီး ညောင်ဦးမြို့ ရွှေမင်းဝန်ကျောင်းတိုက် အင်္ဂါဒေါင့် ဓမ္မာစရိယကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝိမလနှင့် မြင်းခြံ မြို့နယ် သိမ်ကျေးရွာသိမ်တော်ရှင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တခန္တိသာရတို့အား ဘွဲ့တံ ဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် သာသနာ နုဂ္ဂဟဘွဲ့နှင့် သာသနာပြုဘွဲ့တံဆိပ်တော် ရရှိသူများ အား ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ဌေးရည်က သုဓမ္မသိင်္ဂီဘွဲ့တံဆိပ် ရရှိသူများအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်တို့ကို ပေးအပ် ချီးမြှင့်ခဲ့သည်။

   ညနေပိုင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် ဇနီး၊ ခုံရုံး အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၆၅ ပါးနှင့် သီလရှင် ဆရာကြီး ကိုးပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဓါကြည်ဖြူစွာဖြင့် လောင်း လှူပူဇော်ခဲ့ကြသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin