နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

သုတေသနဆိုင်ရာ လုပ်ငန်းကိစ္စများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး ဆွေးနွေး

နေပြည်တော်၊၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂၁

   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်သော ဦးမြင့်ဝင်း၊ ဦးခင်မောင်ချို၊ ဦးတွာလ်ကျင်ပေါင် တို့သည် International Institute for Democracy and Electoral Assistance (IDEA) ရုံးမှ အကြီးအကဲဖြစ်သူ Mr. Mark McDowell အား ၂၁.၁၂.၂၀၁၆ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

   ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သုတေသန လုပ်ငန်းရပ်များတွင် IDEA က ပူးပေါင်းကူညီဆောင်ရွက် ပေးရေး၊ ခုံရုံးသုတေသနအဖွဲ့တွင် ပါဝင်သော အရာရှိများ၏ ဗဟုသုတနှင့် အတွေ့အကြုံများ မြင့်မားလာစေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများ ပူးတွဲကျင်းပရေး၊ IDEA က သုတေသနပြု ထုတ်ဝေထားသည့် စာအုပ်စာတမ်းများအား ခုံရုံးသုတေသနအဖွဲ့ လေ့လာနိုင်ရန် စာကြည့်တိုက်သို့ လှူဒါန်းရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

   တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်သော ဦးမြင့်ဝင်း၊ ဦးခင်မောင်ချို၊ ဦးတွာလ်ကျင်ပေါင်၊ ရုံးအဖွဲ့မှူးနှင့် ညွှန်ကြားရေးမှူး (လုပ်ထုံးနှင့် သုတေသန) တို့တက်ရောက်ခဲ့ကြသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin