ဌာနတွင်းကွန်ပျူတာအသုံးပြုခြင်း မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကျင်းပ

နေပြည်တော်၊၂၀၂၂ အောက်တိုဘာ ၃ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စီမံရေးရာ ဌာနခွဲမှ ဝန်ထမ်းများ၏ အရည်အသွေးပြည့်ဝစေရန်၊ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား မြင့်မားလာစေရန်နှင့် ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ် သည့် ဌာနတွင်းကွန်ပျူတာအသုံးပြုခြင်းမွမ်းမံသင်တန်း အမှတ်စဉ် ၁/၂၀၂၂ သင်တန်းဖွင့်ပွဲအခမ်းအနား ကို အောက်တိုဘာလ ၃ ရက်နေ့၊ နေ့လည်(၁၃၀၀) အချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ်(၂)တွင် ကျင်းပခဲ့ပါသည်
သင်တန်းကာလမှာ အောက်တိုဘာလ ၃ ရက်မှ ၂၈ ရက် အထိ ရက်သတ္တပတ် ၄ ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၉)ဦးတို့အား လုပ်ငန်းခွင်မပျက် သင်ကြားသွားမည် ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား ညွှန်ကြားရေးမှူး(စီမံ)မှ ဖွင့်လှစ်အမှာစကားပြောကြားခဲ့ပါသည်။