တင်သွင်းလွှာအမှတ် ၁/၂၀၁၇ အပေါ် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ခြင်း

နေပြည်တော် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၁
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးပါဝင်သော ခုံရုံးသည် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ပါ ၅၀ ဦးက တင်သွင်းလာသည့် တင်သွင်းလွှာအမှတ် ၁/၂၀၁၇ အပေါ် အပြီးသတ်ဆုံးဖြတ်ချက်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ရုံးခန်းအမှတ်-၁ ၌ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။