တူရကီနိုင်ငံတွင် ကျင်းပပြုလုပ်သော “(၉) ကြိမ်မြောက် နွေရာသီဆွေးနွေးပွဲ” သို့ Video Conferencing စနစ်ဖြင့် တက်ရောက်ခြင်း

နေပြည်တော်၊ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၈
တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် စက်တင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ “Current Problems in Execution of Judgments: Constitutional Justice” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သော (၉)ကြိမ်မြောက် နွေရာသီဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ Video Conferencing စနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ တရားရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ခင်နှင့် လုပ်ထုံးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေကျော့မှူး တို့တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၈)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က “ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လတ်တလောကြုံတွေ့နေမှုများ - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရား စီရင်မှုများ ” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။