နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား


နေပြည်တော်၊ ၂၀၂၃ မေလ ၂၅ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၅-၅-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ခိုင်က “မလေးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း လေ့လာ တင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာတင်နှင့် ဉီးစီးအရာရှိ ဦးကျော်လင်းအောင်တို့က “ကာဇက်စတန်သမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကောင်စီကဆုံးဖြတ်ခဲ့သည့် အမှုအားလေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီး ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။