နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား




နေပြည်တော်၊ ၂၀၂၃ ဇူလိုင်လ ၆ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၇-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ဇာသွယ်နှင့် ဒုတိယဉီးစီးမှူး ဒေါ်အေးအိအိခိုင်တို့က “ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးအကြောင်းလေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးကျော်လင်းအောင်နှင့် ဒုတိယဉီးစီးမှူး ဒေါ်လှဆန်းဝင်း တို့က “တရားလွှတ်တော်ချုပ်ကဆုံးဖြတ်ခဲ့သည့် ၁၉၅၈ ခုနှစ်၊ လွှဲအပ်မှုအမှတ် - ၁ အစီရင်ခံစာအား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြား ရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူအဖွဲ့ဝင်များက သုံးသပ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။